Saturday 24 May 2014

ဒန့်​သလွန်​ရွက်​ ၏အကျိုး​ကျေးဇူးများ

၁။ သွေးတိုး၊ သွေးတက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ နှာစေးခြင်း၊ နှာမွန်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။

၃။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ပျောက်ကင်းစေပါတယ်။


၎။ ဒန့်သလွန်ရွက်ကို ထန်းလျက်နှင့်အတူ ပြုတ်သောက်ပါက အမျိုးသမီးများအတွက် သွေးသားကို မှန်စေပါတယ်။

၅။ သွေးထဲ ကိုလက်စထရောများခြင်း၊ သွေးခဲခြင်းများကို ကာကွယ်ပေးပါတယ်။

၆။ ၀မ်းမီးအားကို ကောင်းစေပါတယ်။

၇။ ဆီးချိုသွေးချို၊ နှလုံးရောဂါ၊ လေငန်းရောဂါတို့မှလည်း ကာကွယ်ပေးပါတယ်။

ဒန့်သလွန်သီးကို စားပေးပါက အာဟာရပြည့်ဝစေသလို ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပေးနိုင်ပါတယ်။ ဒန့်သလွန်ပင်၏ အခေါက်၊ အမြှစ်၊ အပွင့်တို့သည်လည်း ဆေးအတွက် အလွန်အသုံးဝင်ပါသည်။

ဒန့်သလွန်ပင်သည် တစ်ပင်လုံး မြန်မာ့ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။

သတိပြုရန်။ ။ သွေးအားနည်းနေသူများ စားရန်မသင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား။ ။ မြန်မာ့ဆေးဖက်ဝင်အပင်များ၊ မြန်မာ့ရိုးရာဆေးမြီးတိုများ

sekeonline.blogspot.com

No comments:

Post a Comment