Saturday 31 May 2014

အသွင်​အပြင်​နှင့်အဆင့်​အတန်း

လှပချောမောတဲ့ရုပ်ရည်ရှိတိုင်း
နူးညံ့သိမ်မွေ့တဲ့ နှလုံးသားရှိတယ်လို့မဆိုလိုနိုင်ဘူး

ကြမ်းတမ်းခက်ထန်တဲ့ရုပ်ရည်ရှိတိုင်း
မာကြောရက်စက်တဲ့နှလုံးသားရှိတယ်လို့မဆိုလိုနိုင်ဘူး

ဝတ်ကောင်းစားလှတွေ ၀တ်ဆင်ထားတိုင်း
အဆင့်အတန်း မြင့်လှတယ်လို့ မဆိုလိုနိုင်ဘူး


အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်ဝတ်ထားနိုင်း
အဆင့်အတန်း နိမ့်တယ်လို့ မဆိုလိုနိုင်ဘူး

စကားချိုချို ပြောတတ်တိုင်း
မှန်သော စကားတွေချည်းပဲလို့ မဆိုလိုနိုင်ဘူး

စကားကြမ်းကြမ်းပြောတတ်တိုင်း
မှားသော စကားတွေချည်းပဲလို့မဆိုနိုင်ဘူး

တခါတလေ ပြင်ပကကြည့်လို့ ရုပ်ဆိုးပေမယ့်
အတွင်းဖက်မှာ ချိုမြိန်တဲ့သစ်သီးတွေ ရှိပါတယ်

“ ပြင်ပအသွင်သဏ္ဍန်အပေါ်မူတည်ပြီး အတွင်းစိတ်နဲ့
အဆင့်အတန်းကို ဆုံးဖြတ်လို့မရတာ အများကြီးရှိပါတယ် ”

Credit>>သက်တန့်ချို

Seke Hunter
sekeonline.blogspot.com

No comments:

Post a Comment