Saturday 31 May 2014

တရုတ်​နံနံပင်​အအစွမ်း (၃)

၁၆။ လက်ချောင်းများအကွေးအဆန့် ခက်ခဲနာကျင်ခြင်းဝေဒနာများအတွက် တရုပ်နံနံပင်ကို ရေနွေးပူပူထဲ ၁၅ မိနစ်ခန့် စိမ်၍ သောက်သုံးနိုင်ပါသည်။ ထို့ ပြင် ဒူး/တံတောင်ဆစ်/ခါး အရိုးအဆစ်များအံဝင်ဂွင်ကျမကွေးဆန့် မလှုပ်ရှားနိုင်ပါက တရုပ် နံနံပင်အမြစ် (သို့ မဟုတ်) တရုပ်နံနံပင်အစေ့တို့ ကိုပြုတ်သောက်ခြင်းဖြင့် သက်သာစေပါတယ်။

၁၇။ တရုပ်နံနံပင် အမြစ်နဲ့ အရွက်တို့ က အသည်းနှင့် သရက်ရွက်တို့ ကိုခွန်အားဖြစ်စေပါတယ်

၁၈။ လေ့လာစမ်းစမ်းမှုများအရ၊ တရုပ်နံနံပင်ထဲတွင် ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရောလုံးဝမပါရှိဘဲ၊ ကောင်းကျိုးပြု သော ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ၊ ဗီတာမင်
သတ္တုဓာတ်များ နှင့်ချေဖျက်လွယ်သောအမျှင်ဓာတ်တို့  ကြွယ်ဝစွာပါရှိသည့်ပြင် ကင်ဆာကိုတိုက်ဖျက်နိုင်သော acetylenics , phenolic acids နှင့် coumarins ဓာတ်ပေါင်းစုများပါဝင်သောကြောင့် ကင်ဆာအဖုအကျိတ်များ ကြီးထွားပျံ့ နှံ့ ခြင်းမှကာကွယ်ပေးပြီး၊ အံ့သြဘွယ်ကောင်းစွာအနာများကိုလဲ ကျက်စေပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ နှင့် အမျိုးသားများသုက်ရည်ဂလင်း ကင်ဆာ တို့ ကိုဟန့် တား ပေးနိုင်ပါတယ်။

၁၈။ ခန္ဓာကိုယ်ထဲရှိ မကောင်းသော LDLကိုလက်စထရောကို ချပေးတဲ့အတွက်၊ ကိုယ်အလေးချိန်ပုံမှန်ဖြစ်စေပါတယ်

၁၉။ တရုပ်နံနံပင်သည် အပူငြိမ်းစေသောအစွမ်းအာနိသင်ရှိသဖြင့်၊ ပူပြင်းခြောက်သွေ့ သော ရာသီများတွင် ဖျော်ရည်လုပ် သောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေနိုင်ပါတယ်။

၂၀။ တရုပ်နံနံပင်ထဲတွင် polyacetylene ဓာတ်ပါရှိလို့ ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ၊ အရိုးအဆစ်ရောင်ရမ်းနာများ၊ ဂေါက်ရောဂါ၊ ပန်းနာရင်ကျပ် နှင့် လည်ချောင်းနာခြင်း တို့ ကို သက်သာစေပါတယ်။

သတိပြုရန်။

(၁) ကိုယ်ဝန်ဆောင်နေစဉ် တရုပ်နံနံပင် အမြောက်အများစားသုံးခြင်းမှ ရှောင်ပါ။

(၂) သွေးကျစေလို့  မွေးရာပါ သွေးအားနဲရောဂါ ရှိသူများ တရုပ်နံနံပင် ကို မစားသင့်ပေ

(၃) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ တရုပ်နံနံပင်က ဆီးရွှင်စေတာမှန်သော်လဲဘဲ၊ အပင်ထဲတွင် oxalates ပမာဏများပါရှိကာ၊ ထို oxalates ဓာတ်က ခန္ဓာကိုယ်ထဲမှ ကယ်ဆီယမ်ဓာတ်ကိုစုပ်ယူပစ်ပြီး၊ ခန္ဓာကိုယ်ထဲရှိ ရေဓာတ်များကို ခန်းခြောက်စေနိုင်စွမ်း ရှိလို့ ၊ ကျောက်ကပ် နှင့် သည်းခြေတို့ တွင် ကျောက်တည်တတ်သောကြောင့်၊ ကျောက်ကပ်ရောဂါသည်များ နှင့် သည်းခြေအိတ် ဝေဒနာသည်များ အထူးရှောင်ရှားသင့်တယ်လို့  ဆိုပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++
လောကနိယာမသဘောတရားအရ၊ အကောင်းနှင့်အဆိုး၊ အားနည်းချက်နှင့်အားသာချက် တို့ ဒွန်တွဲလျှက်ရှိကြရာ၊ တရုပ်နံနံပင် ကလဲထိုနည်း၎င်း ဖြစ်ပါတယ်။ သို့ သော် လူသား တို့  ကျန်းမာရေးအတွက်အားသာချက်များကာ၊ လက်တကမ်းမှာ အလွယ် တကူရရှိနိုင်သော ရနံ့ ထူးခြားသည့်တရုပ်နံနံပင်ကို “အစာလည်းဆေး၊ဆေးလည်းအစာ” ဆိုသလို စားသုံးနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်

Credit: >>​ပေါက်​​ပေါက်

Seke Hunter
sekeonline.blogspot.com

No comments:

Post a Comment