Saturday 31 May 2014

ကမ္ဘာ့အရည်​အချင်း အရှိဆုံး​ခေါင်း​ဆောင်

အိန္ဒိယ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၈၁ နှစ်အရွယ် Manmohan Singh (မာမိုဟန်ဆင်း) ဟာ ကမ္ဘာပေါ်မှာ အရည်အချင်း အပြည့်အဝဆုံး နိုင်ငံခေါင်းဆောင် အဖြစ် စံချိန်တင်ထား ပါတယ်။ သူ ရရှိထားတဲ့ ဘွဲ့နဲ့ အလုပ်အတွေ့အကြုံကို ပြောရမယ် ဆိုရင် -

ပညာ အရည်အချင်း -

၁။ အန္ဒိယ Punjab University တွင် အမှတ်အများဆုံးဖြင့် BA(Hons) ရရှိခဲ့ (၁၉၅၂ခုနှစ်)

၂။ အန္ဒိယ Punjab University တွင် MA(Economics) ကို အမှတ်အများဆုံးဖြင့် ဆက်လက် ရယူခဲ့ (၁၉၅၄)



၃။ St. Johns College Cambridge တွင် သူ၏ ထူးချွန်ထက်မြတ်မှုကြောင့် Wright's prize ရရှိခဲ့ (၁၉၅၅)

၎။ ၁၉၅၇ ခုနှစ်တွင် ယင်းကဲ့သို့ အလားတူ အသိမှတ်ပြု ဆုမှတ်တမ်းလွှာ ရရှိခဲ့။ (ယင်းဆုဟာ သုတေသန စာတမ်း၊ စာအုပ် များကို တက္ကသိုလ်သို့ ပေးပို့ စစ်ဆေးစေပြီး ရွေးချယ်ပေးအပ်တဲ့ ဆုမှတ်တမ်းလွှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရရှိသူ နည်းပါတယ်။)

၅။ Oxford တက္ကသိုလ်တွင် စိတ်ပညာ ဒေါက်တာဘွဲ့ ရရှိ၊ ဆက်လက်ပြီး Honoris causa တက္ကသိုလ်တွင် D.Litt (Doctor of Letters) ဒေါက်တဘွဲ့ ရရှိ။

အလုပ် အတွေ့အကြုံ -

၁။ စီးပွားရေး မေဂျာ အကြီးတန်း ကထိက (၁၉၅၇-၁၉၅၉)

၂။ Reader Economics (၁၉၅၉-၁၉၆၃)

၃။ စီးပွားရေး မေဂျာ ပါမောက္ခ (Punjab University) (၁၉၆၃-၁၉၆၅)

၎။ ကုလသမဂ္ဂတွင် အရာရှိ အဖြစ် ဝင်ရောက် လုပ်ကိုင် (၁၉၆၆-၁၉၆၉)

၅။ International Trade Delhi School of Economics တွင် ပါမောက္ခ အဖြစ် စာသင်ကြားပေး (၁၉၆၉-၁၉၇၁)

၆။ စီးပွားရေး အကြံပေး (၁၉၇၂-၁၉၇၆)

၇။ Jawahar Lal Nehru University တွင် ပါမောက္ခ (၁၉၇၆)

၈။ အိန္ဒိယး ဗဟိုဘဏ်၏ အမှုဆောင် အရာရှိ (၁၉၈၂-၁၉၈၅)

၉။ စီမံကိန်း ကော်မရှင် လက်ထောက် ဥက္ကဌ (၁၉၈၅-၁၉၈၇)

၁၀။ ကုလသမ္မဂ လက်ဆောင် South Center အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး (၁၉၈၇-၁၉၉၀)

၁၁။ အိန္ဒိယ ဝန်ကြီးချုပ်၏ စီးပွားရေး အကြံပေး (၁၉၉၀-၁၉၉၁)

၁၂။ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး (၁၉၉၁-၁၉၉၆)

၁၃။ အန္ဒိယ ပါလီမန် အထက်လွတ်တော် အဖွဲ့ အတိုက်အခံ ခေါင်းဆောင် (၁၉၉၈-၂၀၀၄)

၁၄။ အန္ဒိယ ဝန်ကြီးချုပ် (၂၀၀၄-၂၀၁၄)

ပညာ အရည်အချင်းအရကော၊ အလုပ် အတွေ့အကြုံအရကော ပြောစရာ မရှိအောင် ပြည့်စုံနေတဲ့ မာမိုဟန်ဆင်းဟာ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ က ပြန်လည် အရိုသေပြု လေးစားရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။

Credit:>> wiki

Seke Hunter
sekeonline.blogspot.com

No comments:

Post a Comment