Saturday 31 May 2014

တရုတ်​နံနံပင်​ အစွမ်း <၁>

တရုပ်နံနံပင် အစွမ်းအံ့မခန်း ***

တရုပ်နံနံပင်တို့ သည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ဆေးဘက်ဝင် ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။ 'rock celery" ဟု အမည်ရသော ဂရိစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ရှေးဟောင်းဂရိလူမျိုးတို့ သည် ကွယ်လူသူ၏ အုတ်ဂူ သင်္ချိုင်း တွင် ထိုအပင်ဖြင့် တန်ဆာဆင်လေ့ရှိကြပါတယ်။ တရုပ်နံနံပင် သည် အပင် စပေါက် သည့်အချိန်မှစပြီး၊ နှစ်နှစ်တာခံသော (၂-နှစ်ခံ) အပင် အမျိုးအစားဖြစ်၏။ အလွန်ဆေး စွမ်းထက်သောအပင်ဖြစ်သော်လဲ၊ လူအများက ၄င်း၏ အစွမ်းသတ္တိကို သတိမထားမိ ဘဲ၊ ဟင်းသီးဟင်းရွကအဖြစ်သာ၊
အသုံးပြုလေ့ရှိကြပါတယ်။ တချို့ နိုင်ငံမျာတွင် အ ရွက်ပြားသော တရုပ်နံနံပင်ထက်၊ အရွက် တွန့် လိမ်ကွေ့ ကောက်သော တရုပ်နံနံပင် ကို ပို၍လူကြိုက်များပါတယ်။ (အဘယ်ကြောင့် ဆိုသော်၊ ထိုနိုင်ငံတို့ တွင် အလေ့ ကျ ပေါက်ရောက်နေသော -အဆိပ်သင့်ရေမှော်- တစ်မျိုးဖြစ်သည့် "Fool's Parsley" သည် အရွက်ပြားသော တရုပ်နံနံပင် နှင့် ခပ်ဆင်ဆင်တူလို့ ပါဘဲ။ လတ်ဆတ်သော တရုပ်နံနံပင် ၁၀၀ ဂရမ်ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော၊ ခွန်အား ၃၆ ကယ် လိုရီ၊ ကစီဓာတ် ၆.၃၃ ဂရမ်၊ ပရို တင်း ၂.၉၇ ဂရမ်၊ အငွေ့ ပြန်လွယ်သောအဆီဓာတ် ၀.၈ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၃.၃ ဂရမ်၊ ဖောလိတ် ၁၅၂ မိုက်ခရိုဂရမ်၊ နီအာစင် ၁.၃၁၃ မီလီဂရမ်၊ Pantothenic အက်ဆစ် ၀.၄ မီလီဂရမ်၊ Pyridoxine ၀.၀၉ မီလီဂရမ်၊ Riboflavin ၀.၀၉၈ မီလီဂရမ်၊ သီအာမင် ၀.၀၈၆ မီလီဂရမ်၊ ဗီတာမင် A ၈၄၂၄ IU၊ ဗီတာမင် C ၁၃၃ မီလီဂရမ်၊ ဗီတာမင် E ၀.၇၅ မီလီဂရမ်၊ ဗီတာမင် K ၁၆၄၀ µg ၊ ဆိုဒီယမ် ၅၆ မီလီဂရမ်၊ ပိုတက်စီယမ် ၅၅၄ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၃၈ မီလီဂရမ်၊ ကော့ပါး ၀.၁၄၉ မီလီဂရမ်၊ သံဓာတ် ၆.၂ မီလီဂရမ်၊ မဂနီစီယမ် ၅၀ မီလီဂရမ်၊ မဂနီးစ် ၀.၁၆ မီလီဂရမ်၊ ဖော့စဖရက် ၅၈ မီလီဂရမ်၊ ဇင့် ၁.၀၇ မီလီဂရမ်၊ Carotene-ß ၅၀၅၄ µg၊ Lutein-zeaxanthin ၅၅၆ စသည်ဖြင့် အသီးသီးပါရှိကြပါ တယ်။ ဘေးထွက် ဆိုး ကျိုးဖြစ်စေသော ကိုလက်စထရော လုံးဝမပါရှိပါ။

၁။ တရုပ်နံနံပင်ထဲတွင် ဗီတာမင် C ကြွယ်ဝစွာပါရှိခြင်းကြောင့် - (က) ကိုယ်ခံ အားကောင်းစေပြီး၊ အအေးမိ/နှာစေး/ချောင်းဆိုး စသည့်ရာသီဖျား အမျိုးမျိုးတို့ အလွယ် တကူမကူးစက်နိုင်ပါ။ (ခ) ရေဓာတ်ပျော်ဝင်သည့် ခန္ဓာကိုယ်အစိပ် အပိုင်း နေရာ အားလုံး တွင်၊ antioxidant များကို အန္တရာယ်ကင်းစွာဖြင့် ပျော်ဝင် ကျိုချက် ပေးနိုင် စွမ်းရှိပါတယ်။ (ဂ) Fatty အက်ဆစ်နှင့် ပတ်သက် သော ရောဂါအမျိုးမျိုးမှ ကင်းဝေးစေ ပါသည်။ (ဃ) Vitamin C ဓာတ်ပါသော ဆေးဝါးများကို အလွန်အကျွံ သောက်သုံးပါက၊ အရိုးအဆစ်ရောင်ရောဂါကို ဖြစ်ပွားစေပါတယ်။ သို့ သော် တရုပ်နံနံပင်တွင်၊ ကျန်းမာရေး အတွက် သင့်တင့်မျှတသော Vitamin C အလုံအလောက်ပါရှိသဖြင့်၊ သက်ကြီးပိုင်းတွင် ဖြစ်တတ်သော ဒူလာပါဒရက်ကဲ့သို့  အရိုးအဆစ်ရောင်ရောဂါများကို ထိထိ ရောက်ရောက် ကာကွယ်ပေးပါတယ်

၂။ တရုပ်နံနံပင်တွင် ပါရှိသော myristicin (ခေါ်) အငွေ့ ပြန်လွယ်သည့်အဆီက - (က)ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော၊ ဓာတ်ပေါင်းမော်လီကျူးများကို ဖျက်ဆီးပေး သဖြင့်၊ အကျိတ်များဖြစ်ပေါ်မှုကို ဟန့် တားပေးပါသည်။ အထူးသဖြင့် အဆုတ်ထဲ တွင်၊ အဖု/အကြိတ် မဖြစ်အောင် တားဆီးကာကွယ်ပေးပါတယ်။ (ခ) ခန္ဓာကိုယ်ထဲသို့  ၀င်ရောက်လာသည့်၊ စီးကရက် မီးခိုးငွေ့  များနှင့် အသား/ငါးကင်ခြင်းတို့ ကြောင့် ရှုရိုက်မိသော ညှော်နံ့ များကို အာနိသင်ပျက်ပြယ်စေပါတယ်။ (ဂ) ဦးရေပြားခြောက် သွေ့ ပြီးဆံပင်ကျွတ်ခြင်းတို့ အတွက်၊ တရုပ်နံနံပင်အဆီကို လိမ်းပေးခြင်းဖြင့် ဆံပင်သန်စေကာ ဆံသားများ နူးညံ့ချောမွေ့ လာ စေပါသည်။ (ဃ) တရုပ်နံနံပင်မှ ရရှိသော အဆီကို သွား နှင့် သွားဖုံးပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ (င) သွေးထဲရှိ သကြားပမာဏကို လျော့ကျစေလို့  ဆီးချိုရောဂါသည်များကို ကောင်းကျိုးပြုပါသည်။ (စ) ပန်းနာရင်ကျပ်ရောဂါများကို ထိထိရောက်တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။


၃။ ဖောလစ်အက်ဆစ် နှင့် ပိုတက်စီယမ်ကြွယ်ဝသော တရုပ်နံနံပင်ကို ပုံမှန်စားပေးခြင်းဖြင့် သွေးထဲရှိ PH ပမာဏကို မျှတစေပြီး၊ နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းညှိပေးကာ၊ နှလုံးသွေးကြောနံရံများအဆီပိတ်ဆို့ ခြင်း၊ နှလုံးရောဂါအမျိုးမျိုး နှင့် နှလုံးရောဂါ ကြောင့် လေဖြတ်ခြင်းတို့ မှ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်


Credit:>>​ပေါက်​​ပေါက်
Seke Hunter
sekeonline.blogspot.com

No comments:

Post a Comment