Saturday 31 May 2014

တရုတ်​နံနံပင်​အအစွမ်း < ၂ >

၎။ တရုပ်နံနံပင် တွင် Antioxidant အာဟာရများလဲ ပေါကြွယ်ဝသည့်အတွက်၊ ခန္ဓာကိုယ်ထဲရှိ ဆဲလ်များတွင် အောက်စီဂျင် ပြတ်လပ်မှုကို၊ ကာကွယ်ပေးပြီး၊ သွေးထဲရှိအောက်စီဂျင်ပမာဏကိုလဲ၊ တိုးပွားစေပါသည်။

၅။ တရုပ်နံနံပင် ထဲတွင်ပါရှိသော၊ အခြားအရေးကြီးသည့် Antioxidant တစ်မျိုးဖြစ်သည့်၊ Beta-Carotene သည် ခန္ဓာကိုယ် ထဲရှိ၊ အဆီပျော်ဝင်မှုများကို လုပ်ဆောင်ပေးသည့်အတွက်၊ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းစေပါတယ်။

၆။ နားထဲတွင် မကြာခဏ ပိုးဝင်ခြင်းနှင့် နားအူခြင်း၊ နားလေးခြင်းတို့ အတွက် တရုပ်နံနံပင်ကို
တိုင်းရင်းရိုးရာ ကုထုံးများတွင် အသုံးပြုလေ့ရှိပါတယ်။

၇။ ၀မ်းလျောခြင်းအတွက် တရုပ်နံနံပင်က အားထားလောက်သော ဆေးတစ်ခွက်ဖြစ်ပါတယ်

၈။ တရုပ်နံနံပင်က အမျိုးသမီးများ၏ ဟိုမုန်းထွက်ရှိမှု ပမာဏကိုမျှတစေသောကြောင့် ရာသီမလာခင်သရိုးသရီဖြစ်ခြင်း၊ ရာသီ လာစဉ်နာကျင်ကိုက်ခဲခြင်း နှင့် သွေးဆုံးကိုင်ခြင်း ဝေဒနာများကိုသက်သာစေပါတယ်။

၉။ နာတာရှည်အိပ်မပျော်ခြင်း၊ ဦးနှောက်အာရုံကြောပျက်စီးခြင်းနှင့် အယ်လ်ဇိုင်းမား (ခေါ်) စိတ်ကဆင့်ကလျားရောဂါများ အတွက် တရုပ်နံနံပင်က ကောင်းစွာ ကုသပေးနိုင်ပါတယ်။

၁၀။ ဆံချည်မျှင်သွေးကြောများနှင့် သွေးလွှတ်ကြောများ အားကောင်းစေရန်အတွက် တရုပ်နံနံပင်သတ္တုရည်ကို ယုံကြည်စိတ်ချ စွာ သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် သွေးထဲရှိ ကိုလက်စထရောပမာဏကိုထိန်းချုပ်၍ သွေးကြောမကြီးများကို ပျော့ပျောင်းစေ ပြီး၊ သွေးနီဥထုတ်လုပ်ခြင်းကို အားပေးပါတယ်။

၁၁။ တရုပ်နံနံပင်ထဲတွင် potassium နှင့် sodium ပါရှိလို့ ၊ ခန္ဓာကိုယ်ထဲရှိ ပိုလျှံသော အရည်များကို ဆီးအဖြစ်စွန့် ထုတ်စေကာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ကင်းစင်ပြီး၊ ဆီးကိုလဲ ရွှင်စေပါတယ်


၁၂။ ဟင်းသီးဟင်းရွက်များတွင် တွေ့ ရခဲသော ဗီတာမင် K သည် တရုပ်နံနံပင်ထဲတွင် အမြောက်အများပါရှိပါသည်။ ထိုဓာတ်က အရိုး နှင့် သွားများကိုကျန်းမာသန်စွမ်းစေကာ၊ ဟိုမုန်းအပြောင်းအလဲကြောင့်အရိုးကြွတ်ဆတ်ရောဂါများကို မဖြစ်စေပါဘူး။

၁၃။ တရုပ်နံနံပင်ထဲတွင်ပါရှိသော Zea-xanthin ဓာတ်က အသက်အရွယ်ကြီးရင့်၍ မျက်လုံးကြွက်သားများလျော့ကျခြင်း၊ ခရမ်း လွန်ရောင်ခြည်သင့်၍ မျက်ကြည်လွှာထိခိုက်ခြင်း စသော မျက်စေ့ဝေဒနာများကို ကာကွယ်ပေးနိုင်ပါတယ်။

၁၄။ တရုပ်နံနံပင်ထဲမှာ chlorophyll (ခေါ်) သစ်ပင်အများစုတွင်တွေ့ ရှိရသောအစိမ်းရောင်ဓာတ်ပါရှိလို့ ၊ ခံတွင်းထဲတွင် ဗက်တီးရီးယားပိုးမွှားများ ကြီးထွားလာခြင်းမှ ကာကွယ်ပေးကာ၊ ခံတွင်းရနံ့ ဆိုးခြင်းကို မဖြစ်စေပါဘူး။

၁၅။ တရုပ်နံနံပင်ကို နေ့ စဉ် စားသုံးပေးခြင်းဖြင့် သွေးတိုးကျစေပါတယ်

Credit: >>​ပေါက်​​ပေါက်

Seke Hunter
sekeonline.blogspot.com

No comments:

Post a Comment